top of page

ဂျပန်ကဦးဆောင်ပြုလုပ်မည့် Society 5.0(လူမှုကွန်ယက် ၅.၀) ဆိုတာဘာလဲဘယ်လဲ?

၂၀၂၁ ခုနှစ်သည်အိုင်တီနည်းပညာအလျင်အမြန်တိုးတက်လာသည်နှင့်အမျှ ဥရောပကပုံဖော်နေသည့် “စက်မှုလုပ်ငန်း ၄.၀” ၊ စင်ကာပူရဲ့ “စမတ်နိုင်ငံ” ၊ ဂျပန်နိုင်ငံရဲ့အနာဂတ်စီမံကိန်း Society 5.0” သို့မဟုတ် လူမှုကွန်ယက် အဆင့်၅ အကြောင်းကိုရှင်းပြချင်ပါသည်။

ကျွန်ုပ်တို့သည် လူမှုပတ်ဝန်းကျင်အသစ်တစ်ခုကိုဖန်တီး၍ လူသားများ၏နေ့စဉ်လုပ်ငန်းဆောင်ရွက်ချက်များကို အိုင်တီနည်းပညာဖြင့်အဆင့်မြှင့်တင်ရန် ရည်ရွယ်ထားသည် (ဥပမာ IOT ၊ နေ့စဉ်အချက်အလက်(Big Data) ၊ AI ၊ Robot) ဤသို့ဖန်တီးခြင်းအားဖြင့်လူသားများ၏နေ့စဉ်လုပ်ငန်းဆောင်ရွက်ချက်များ မြန်ဆန်လာခြင်း၊ ပို၍လွယ်ကူလာခြင်း ဆိုတဲ့အကျိုးကျေးဇူးများရရှိပီး အနာဂတ်တွင်လဲလူသားများနှင့်ပို၍ကိုက်ညီမည့်နည်းပညာများဝန်ဆောင်မှုအသစ်ကို ဖန်တီးရန်ကြိုးစားနေသည်။

ထို့ထဲတွင် ဂျပန်ကဦးဆောင်ပြုလုပ်သည် လူမှုကွန်ယက်အဆင့် ၅ (ခေါ်) super-smart society လဲ အထူးရေပန်းစားသည်။

   

 

လူမှုကွန်ယက်အဆင့်အဆင့်ဖြစ်ပေါ်လာပုံ




လူမှုကွန်ယက် အဆင့် ၁ ကို ကျောက်ခေတ်လူသားဖွံ့ဖြိုးမှုအဆင့်အဖြစ်သတ်မှတ်ပြီး၊ လူမှုကွန်ယက် အဆင့် ၂ ၊ ၃ ကိုမူ စိုက်ပျိုးရေးနှင့် စက်မှုဖွံ့ဖြိုးမှုအဆင့်အဖြစ်သတ်မှတ်ခဲ့သည်။ အဆင့် ၄ မှာမူ သတင်းအချက်အလက်စုဆောင်းမှုအဆင့်အဖြစ်ရှုမြင်ခဲ့ပြီးယခုအခါမှာတော့ အဆင့် ၅ သို့ရောက်ရှိလာခဲ့သည်။

        

 

လူမှုကွန်ယက်အဆင့်၅သို့စဝင်ခြင်း

        


လူသားများ၏နေ့စဉ်အချက်အလက်များကို IOT နည်းပညာဖြင့်ကောက်ယူ၍ AI (ခေါ်) ဥာဏ်ရည်အတုနည်းပညာဖြင့် အသစ်ဖန်တီးပြီး လူသားများအတွက်နေ့စဉ်ဘဝဟာ ပို၍သက်သောင့်သက်သာရှိလာမည်ဖြစ်သည်။ ထို့အပြင် ကုန်ထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းများလဲ အသစ်ပြောင်းလဲလာမည်ဟုယုံကြည်သည်။သို့သော် အချိန်အတိုင်းအတာတစ်ခုထိတော့ လိုအပ်ပေးအုံးမည်။


 

လူမှုကွန်ယက်အဆင့်၅၏အာသာချက်များ



ပုံ၁. အချက်အလက်အစစ်အမှန်များကိုစုဆောင်းခြင်း

ကျန်းမာရေးနှင့်ဆေးဘက်ဆိုင်ရာအချက်အလက်များအပေါ်ခြေခံ၍ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးဟစောင့်ရှောက်မှုစနစ်အသစ်ထွက်ပေါ်လာရေး၊ ဂျပန်နိုင်ငံသည်လဲ လူမှုပတ်ဝန်းကျင်ကြွယ်ဝပြီး စီးပွါးရေးနှင့်စက်ရုံများအများအပြားတည်ရှိကာကုန်ကြမ်းဒေတာစုဆောင်းနိုင်မည်ဟုယုံကြည်ထားသည်။


ပုံ၂. စက်မှုလုပ်ငန်းမှသည် စိုက်ပျိုးရေးနည်းပညာသို့

ဂျပန်နိုင်ငံသည် စိုက်ပျိုးရေးနည်းပညာတွင် ထိပ်တန်းအဆင့်တွင်ရှိသည်။ အခြေခံစူးစမ်းလေ့လာမှုများပြုလုပ်၍ အချက်အလက်များကိုစုဆောင်းခြင်း နှင့် AI (ခေါ်) ဥာဏ်ရည်အတုနည်းပညာဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် အသစ်များဖန်တီးနိုင်မည်ဟုယုံကြည်သည်။

 

ကမ္ဘာပြောင်းလဲမှု-လူမှုကွန်ယက် အဆင့် ၅


ကျန်းမာရေးစောင့်ရှောက်မှု


ပြဿနာ

  1. ဂျပန်သည်တစ်ခြားနိုင်ငံများထက် အိုမင်းနေသောလူ့ဘောင်အသိုင်းအဝန်းပြဿနာနှင့်ရင်ဆိုင်နေရသည်။

  2. ထို့အပြင်အသက်ကြီးရင့်သူများပြားလာသည့်နှင့်အမျှ ဆေးဘက်ဆိုင်ရာကုန်ကျစရိတ်များပါတိုးလာပြီး သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်မှုကဏ္ဍမှာပါလုပ်သားမလုံလောက်မှု ပြဿနာများနှင့်ရင်ဆိုင်နေရသည်။


ဖြေရှင်းခြင်း

  1. ကျန်းမာရေးဌာနများအနေဖြင့် တစ်ဌာနနှင့်တစ်ဌာန users များရဲ့အချက်အလက်မျှကိုဝေမျှခြင်း၊ ကျန်းမာရေး မှတ်တမ်းများကိုသိမ်းဆည်းခြင်းလုပ်ငန်းဆောင်ရွက်ချက်ပြုလုပ်ရန်။

  2. ကျန်းမာရေးဝန်ဆောင်မှုနှင့်ပတ်သတ်၍ ဝန်ထမ်းများအားလေ့ကျင့်သင်ကြားပေးရန်။

  3. ကျန်းမာရေးစောင့်ရှောက်မှုများတွင် ဥာဏ်ရည်အတုနည်းပညာနှင့်စက်ရုပ်နည်းပညာကိုအသုံးပြု၍ ဝန်ဆောင်မှုပေးရန်တို့ဖြစ်သည်။



ယခုအမျိုးမျိုးပြန့်နှံ့နေသောဆေးဘက်ဆိုင်ရာအချက်အလက်များကိုစုစည်းမျှဝေအသုံးပြု၍ထိရောက်သောဆေးကုသမှုပေးနိုင်ရန်ရည်ရွယ်ထားသည်။ မကြာခဏဆေးရုံဆေးခန်းများသို့ မလာနိုင်သောသက်ကြီးရွယ်အိုများအတွက် အဝေးမှ နည်းပညာဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးရန်ရှိသည်။


 

Mobility


ပြဿနာ

  1. လူဦးရေကျဆင်းမှုရလဒ်အနေဖြင့် လူဦးရေနည်းသောကျေးလက်ဒေသတွင်သယ်ယူပို့ဆောင်ရေးနှင့် e-commerce များအတွက်ယာဉ်မောင်းရှားပါးမှုကိုမမြင်တွေ့နိုင်သည်။


ဖြေရှင်းခြင်း

  1. အဝေးမှထိန်းချုပ်နိုင်သောမောင်းသူမဲ့ကားများဖြင့်သယ်ယူပို့ဆောင်ရေးbusကားများTexisများနေရာအစားထိုးရန်။

  2. ဒါ့အပြင်မောင်းသူမဲ့truckကားများ drones များဖြင့် သိုလှောင်ဖြန့်ဖြူးရေးကဏ္ဍတွင်အသုံးပြုဖြေရှင်းနိုင်ရန်ရှိသည်။


လူဦးရေနည်းပါးသောကျေးလက်ဒေသများတွင်နေထိုင်သောသူများသည် အစားအသောက်ဝယ်ယူရန်နှင့်ဆေးရုံဆေးခန်းများသို့သွားရန် ဆက်သွယ်ရေးအခက်အခဲရှိသည်။ သို့သော်မောင်းသူမဲ့ယာဉ်များသည်အနာဂတ်တွင်ဖြေရှင်းပေးနိုင်သည်။ ဒါ့အပြင်လုပ်သားရှားပါးမှုပြဿနာအတွက်ပါဖြေရှင်းပေးနိုင်သည်။


 

အခြေခံအဆောက်အအုံ


ပြဿနာ

  1. ဂျပန်သည်အများပြည်သူလမ်းတံတားအခြေခံအဆောက်အအုံများလျင်မြန်စွာတိုးတက်ခဲ့ပြီး ထိုအဆောက်အအုံများကိုနေ့စဉ်စစ်ဆေးခြင်းနှင့်ပြုပြင်ထိန်းသိမ်းမှုအပိုင်းတွင် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည်။


ဖြေရှင်းခြင်း

  1. ဥမင်လိုဏ်ခေါင်းများ၊ဆည်များ၊လမ်းနှင့်တံတားများတွင်အာရုံခံကိရိယာများတပ်ဆင်ခြင်းအပြင် AI နှင့် Robots များအသုံးပြု၍ စစ်ဆေးထိန်းသိမ်းရန်ရှိသည်။


အာရုံခံကိရိယာများAI နှင့် Robots များကိုတပ်ဆင်အသုံးပြုခြင်းအားဖြင့်ပြုပြင်ထိန်းသိမ်းရန်လိုအပ်သောနေရာများအစောလျင်သိရှိနိုင်သည်။ ဒါ့အပြင် လုပ်သားများမတော်တဆမှုများလျှော့ချနိုင်ပြီး လုပ်ငန်းအချိန်ပါလျှော့ကျစေသည်။


 

ငွေးရေးကြေးရေး


ပြဿနာ

  1. ဂျပန်တွင်ငွေသားဖြင့်ငွေပေးချေးမှုမြှင့်မာဆဲဖြစ်သည်။

  2. ဒါ့အပြင် ဘဏ်များတွင်လဲ နည်းပညာအသုံးပြုမှုအကန့်အသတ်နဲ့သာရှိခြင်းကြောင့် ငွေရေးကြေးရေးဝန်ဆောင်မှုကဏ္ဍသည် နှေးကွေးနေသည်။

ဖြေရှင်းခြင်း

  1. Blockchain နည်းပညာကိုအသုံးပြု၍ငွေသား transfer လုပ်ခြင်း၊ နည်းပညာ company များ၏ အကူအညီဖြင့် app များမိတ်ဆက်ပေး၍ cashless အသုံးပြုမှုကိုဝန်ဆောင်မှုပေးရန်ဖြစ်သည်။


ပြည်ပငွေလွှဲလုပ်ငန်းတွင်လဲ ဝန်ထုပ်ဝန်ပိုးဖြစ်နေခြင်းကြောင့် Blockchain နည်းပညာကိုအသုံးပြုခြင်းအားဖြင့် အချိန်နှင့်ကုန်ကျမှုကိုသက်သာစေပြီး ကမ္ဘာလုံးဆိုင်ရာစီးပွါးရေးလုပ်ငန်းများအတွက်ပါ လုံခြံုမှုရေးအာမခံချက်ရှိသည်။



byTrainOfKnowledge

#photos credit

bottom of page