Wakayama, Isono Ura ပင်လယ်သို့ခရီးတစ်ခေါက်



ပြီးခဲ့တဲ့တစ်ပတ်လောက်က အက်ဒမင်သူငယ်ချင်းတွေနဲ့ Wakayama ဘက်မှာရှိတဲ့ပင်လယ်တစ်ခုကိုသွားဖြစ်ခဲ့တယ်။အဲ့ပင်လယ်နာမည်က Isono Ura လို့ခေါ်ပါတယ်။အဲ့တုန်ကအက်ဒမင်က Osaka ကနေသွားတာဆိုတော့ပင်လယ်ရောက်တဲ့အထိကို ရထားစီးချိန် ၁နာရီနဲ့ ၁၅မိနစ်ကြာပါတယ်။ ရထားလိုင်းလဲနှစ်ခါပြောင်းစီးခဲ့ရပါတယ်။အဲ့တုန်းက နေအပူချိန် ၃၆ ဒီီဂရီဆဲစီရက်စ်လောက်ရှိတယ်။ လူတွေလဲ ရထားစီးတဲ့အချိန်ဘဲအေးတယ်(ရထားထဲအဲယ်ကွန်းဖွင့်ထားတာကို)ကျန်တဲ့အချိန်အပြင်ထွက်လိုက်တာနဲ့ ချွေးတပြုတ်ပြုတ်ကျတယ် အရမ်းပူတယ်။ဂျပန်ရဲ့နွေရာသီကမခံစားနိုင်ဘူး။


အက်ဒမင်တို့က Shinimamiya ဘူတာကနေစစီးတယ် Wakayama ဘူတာလဲရောက်ရော ပင်လယ်သွားတဲ့ရထားကိုထပ်စောင့်စီးရတယ်ပင်လယ်ဘက်ကျတော့ ရွာဘက်လိုပုံစံဖြစ်သွားတော့ရထားလေးကလဲသေးသေးလေး၊တစ်စီးလုံးမှ နှစ်တွဲဘဲရှိတယ်ဘူတာတွေကလဲသေးတယ်ဗီဒီအိုထဲမှာတွေ့ရတဲ့အတိုင်းဘဲပေါ့။တစ်ခုအဆင်ပြေတာက အဲ့ဘူတာသေးသေးလေးတွေမှာဘူတာဝန်ထမ်းတစ်ယောက်စီရှိတယ်တစ်ခုခုဖြစ်ရင်သူတို့ကို အကူအညီတောင်းလိုက်ရုံဘဲ။ဉပမာ ပိုက်ဆံအကြွေမပါတာလို့စသည့်ဖြစ်ပေါ့။ ရထားခက Shinimamiya ဘူတာကနေ Isono Ura ဘူတာထိကိုအသွား ယန်း ၉၃၀ ကျပါတယ်။အသွားအပြန်ဆို ၁၈၆၀ ယန်းကျခဲ့တယ်။ ဟိုရောက်တော့ ဘာဆိုင်မှမတွေ့ဘူး စားစရာကတော့ ကိုယ်ဘာသာသယ်သွားမှအဆင်ပြေမယ်ထင်တယ်။ သောက်စရာဆိုရင်တော့ 自動販売機 တွေ့တော့ရှိတယ်။ ဂျပန်လူငယ်တွေရော၊မိသားစုလိုက်လာတဲ့သူတွေရောအများကြီးဘဲ ဂျပန်တော်တော်များများကတော့ ကိုယ်ပိုင်ကားတွေနဲ့လာကျတယ်။ အနည်းငယ်လောက်ဘဲ ရထားနဲ့လာကြတာကိုတွေ့ရတယ်။အက်ဒမင်လို့ ပင်လယ်မကြိုက်တဲ့သူတောင်ကြိုက်သွားတယ် တော်တော်လေကိုသာယာတယ်လို့ထင်ပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ်။


ByAdminTrainOfKnowledge