top of page

Toyota ကတည်ဆောက်နေသည့် Woven city (smart city) ဆိုတာဘာလဲဘယ်လဲလူသားတွေအတွက်ဘယ်လောက်အကျိုးပြုနိုင်မလဲ?


#videocredits


Toyota သည်ဖူဂျီတောင်ခြေရှိ ၁၇၅ စတုရန်းမိုင်အကျယ်ရှိမြေဧရိယာပေါ်တွင်မြို့တော်တည်ဆောက်မှုအစီအစဉ်ကို ၂၀၂၀ ခုနှစ်တွင်ထုတ်ဖော်ပြောကြားခဲ့သည်

Woven City ဟုခေါ်သော၎င်းသည်သက်ရှိများကိုစမ်းသပ်ရန်နှင့်ဟိုက်ဒရိုဂျင်လောင်စာဆဲလ်များဖြင့်အပြည့်အဝချိတ်ဆက်ထားသောဂေဟစနစ်တစ်ခုအဖြစ်ပေါ်ထွက်လာမည်ဖြစ်သည်။

"သက်ရှိဓာတ်ခွဲခန်း" အဖြစ်သတ်မှတ်ထားသည့် Woven City သည်အချိန်ပြည့်နေထိုင်သူများနှင့်သုတေသနပြုသူများအတွက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်စနစ်၊ ကိုယ်ပိုင်ရွေ့လျားနိုင်မှုစက်ရုပ်များ၊ စမတ်နေအိမ်များနှင့် AI ကဲ့သို့ထောက်လှမ်းရေးနည်းပညာများကိုစမ်းသပ်ပြီးဖွံ့ဖြိုးတိုးတက်စေမည့်နေရာတစ်ခုအဖြစ်ထွက်ပေါ်လာပေလိမ့်မည်။


ထိုသေးငယ်သောမြေဧရိယာပေါ်တွင် ပြီးပြည့်စုံသောမြို့တစ်မြို့ကိုတည်ဆောက်ခြင်းသည်များစွာစိန်ခေါ်မှုများစွာရှိပေသည်။ထိုနေရာသည်မြို့၏အခြေခံအဆောက်အအုံအတွက်ဒီဂျစ်တယ်လည်ပတ်မှုစနစ်အပါအ၀င်အနာဂတ်နည်းပညာများကိုတီထွင်ရန်လူသားများအတွက်ထူးခြားသောအခွင့်အလမ်းတစ်ခုဖြစ်သည်။ထို့အပြင်လူသားများ၊ အဆောက်အဦးများ၊မော်တော်ယာဉ်များကိုအချင်းအချင်းဆက်သွယ်နိုင်ခြင်း၊ ဒေတာနှင့်အာရုံခံကိရိယာများမှတစ်ဆင့်ချိတ်ဆက်ထားသော AI နည်းပညာကိုလက်တွေ့နှင့်ရုပ်ပိုင်းဆိုင်ရာ

နယ်ပယ်နှစ်ခုလုံးတွင်စမ်းသပ်နိုင်မည်ဖြစ်သည်” ဟု Toyota Motor Corporation ဥက္ကဌ Akio Toyoda ကပြောကြားခဲ့သည်။


တိုယိုတာသည်အခြားစီးပွားရေးဆိုင်ရာလုပ်ဖော်ကိုင်ဖက်များကိုအတူတူပူးပေါင်းရန်ဖိတ်ကြားခဲ့သည့်အပြင် ကမ္ဘာတစ်ဝှမ်းရှိသိပ္ပံပညာရှင်များနှင့်သုတေသီများအားထိုစီမံကိန်းတွင်အတူတကွလုပ်ကိုင်ရန်ဖိတ်ကြားခဲ့သည်။


"အနာဂတ်တွင်ကျွန်တော်တို့နေထိုင်တဲ့လမ်းများတိုးတက်အောင်၊ ဒီထူးခြားတဲ့သုတေသနဂေဟစနစ်ကိုဖန်တီးပြီးလူသားများအတွက်ပိုကောင်းတဲ့လူနေမှုအဆင့်အတန်းကိုဖန်တီးဖို့ရာ

စိတ်အားထက်သန်သူအားလုံးကိုမိမိတို့နှင့်ပူးပေါင်းရန်ဖိတ်ခေါ်သည်" ဟု Toyota Motor Corporation ဥက္ကဌ Akio Toyoda ကပြောကြားခဲ့သည်။


#imagescredits


Woven City ၏ဒီဇိုင်းအတွက် Toyota သည် Bjarke Ingels Group (BIG) ကိုတည်ထောင်သူဒါရိုက်တာ Bjarke Ingels ကိုငှားရန်ခဲ့သည်။ BIG သည် နယူးယောက်ရှိ World Trade Centre ၊ ဒိန်းမတ်နိုင်ငံရှိ Lego House၊ Google ၏ Mountain View နှင့် London ရုံးချုပ်စသည့်စီမံကိန်းများစွာကိုဒီဇိုင်းရေးဆွဲခဲ့သည့်ကုမ္ပဏီဖြစ်သည်။


မြို့၏ masterplan တွင်လမ်းအသုံးပြုမှုအတွက် မော်တော်ယာဉ်များ၊ အနှေးယာဉ်များ၊ လူသားများလမ်းလျှောက်နိုင်ဖို့ဆိုပြီးအမျိုးအစားသုံးမျိုးခွဲခြားထားသည်။

လူသွားလမ်းကိုမူပန်းခြံကဲ့သို့အော်ဂနစ်ဂေဟာတစ်ခုအဖြစ်တည်ဆောက်ရန်ပါဝင်သည်။


မြို့တော်ကိုအပြည့်အဝရေရှည်တည်တံ့နေရန်တည်ဆောက်သွားမည်ဟုဆိုသည်။ ၎င်းအပြင်အဆောက်အအုံများကိုလဲဂျပန်ရိုးရာသစ်သားများဖြင့်တည်ဆောက်သွားရန်ရှိသည်။သစ်သားဖြင့်ပြုလုပ်ထားသောအဆောက်အအုံများသည်အစဉ်အလာအားဖြင့် ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချနိုင်ခြင်းကြောင့်ဖြစ်သည်။ ဟိုက်ဒရိုဂျင်လောင်စာဆဲလ်များမှထုတ်ပေးသောစွမ်းအင်အပြင်နေရောင်ခြည်စွမ်းအင်ကိုထုတ်လုပ်ရန်အဆောက်အအုံခေါင်မိုးများအပေါ်တွင်ဆိုလာပြားများဖြင့်ဖုံးအုပ်ထားမည်ဖြစ်သည်။ ထို့အပြင်တိုယိုတာသည်လျှပ်စစ်ထုတ်လုပ်မှုကိုမြို့တွင်းမြို့ပြင်ရှိအပင်များနှင့် hydroponics တို့မှရရှိရန်စီစဉ်ထားသည်။


လူနေအိမ်ခန်းများတွင်နေ့စဉ်လူနေမှုစနစ်ကိုအထောက်အကူပြုရန်အတွက်အိမ်တွင်းစက်ရုပ်ကဲ့သို့နောက်ဆုံးပေါ်လူသားအထောက်အပံ့နည်းပညာများတပ်ဆင်ထားမည်ဖြစ်သည်။

နေထိုင်သူများ၏ကျန်းမာရေးကိုစစ်ဆေးရန်နှင့်အခြေခံလိုအပ်ချက်များကိုဂရုပြုရန်အတွက်ဉာဏ်ရည်အတုနည်းပညာများ၊ sensor များဖြင့်ချိတ်ဆက်ကာကျန်းမာရေးစောင့်ရှောက်မှုပေးသွားမည်ဖြစ်သည်


မြို့အတွင်းတွင်အသုံးပြုရန် fully-autonomous, zero-emission ယာဉ်များသာခွင့်ပြုမည်ဖြစ်သည်။ Woven City အတွင်းနှင့်အပြင်တစ်လျှောက်လုံးတွင်အလိုအလျောက်မောင်း Toyota e-Palettes ယာဉ်များကိုသယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးအတွက်ထားရှိထားမည်ဖြစ်သည်။


မြို့၏အလယ်တွင်ကြီးမားသောပန်းခြံတစ်ခုပါဝင်ပြီးလူအများအပန်းဖြေနိုင်ရန်နှင့် ကလေးများ‌ဆော်ကစားနိုင်စေရန်ရည်ရွယ်ကာဒီးဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။


Toyota သည် Woven City ကို Toyota Motor Corporation ၏၀န်ထမ်းများ၊ ၄င်းတို့၏မိသားစုများ၊ အငြိမ်းစားမိသားစုများ၊ ကမ္ဘာတစ်ဝှမ်းရှိသိပ္ပံပညာရှင်များ၊ သုတေသီများစသည်လူဉီးရေ ၂၀၀၀ ဖြင့်စတင်ရန်စီစဉ်ထားသည်


Woven City ၏အုတ်မြစ်ချခြင်းကို ၂၀၂၁ အစောပိုင်းတွင်ပြုလုပ်ခဲ့ပြီးဖြစ်သည်


byadminTrainofknowledge

bottom of page