top of page

ဂျပန်သည် TikTok အပါအ၀င်တရုတ်အက်ပလီကေးရှင်းများကိုကန့်သတ်ရန်စီစဉ်

ဂျပန်နိုင်ငံရေးသမားများသည် နိုင်ငံ၏ဒေတာလုံခြုံရေးစိုးရိမ်မှုကြောင့် TikTok ကဲ့သို့တရုတ်လုပ်အက်ပလီကေးရှင်းများအသုံးပြုမှုကိုနိုင်ငံအတွင်းကန့်သတ်ရန်ကြိုးစားနေသည်။


ဂျပန်သည် U.S နှင့် India တို့ပြီးလျှင် TikTok အားပိတ်ပင်ရန်စဉ်းစားသောတတိယမြောက်နိုင်ငံဖြစ်သည်။

TikTok သည်ဘယ်လိုမှစိတ်ကူး၍မရသောနည်းလမ်းများဖြင့် သုံးစွဲသူများ၏ကိုယ်ရေးကိုယ်တာကိုရယူနေသည်ဟုဆိုသည်။



နိုင်ငံ၏‌ဒေတာလုံခြုံရေးနှင့်ပတ်သတ်ပြီအာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှကိုယ်စားလှယ်များသည် NHK ၏သတင်းအဆိုပြုလွှာများကိုအစိုးရသို့တင်ပြရန်ရှိသည်။သို့သော်ဂျပန်ဥပဒေပြုအမတ်များသည်တရုတ်အက်ပလီကေးရှင်းများအပေါ်တားမြစ်ချက်ကိုငြင်းဆန်ဆဲဖြစ်သည်။

နိုင်ငံအနှံ့အပြားရှိစက်ပစ္စည်းများမှ QQ Music ကိုပိတ်ဆို့ရန်အိန္ဒိယကပြီးခဲ့သည့်လကဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။တရုတ်ပိုင်မိုဘိုင်းအက်ပလီကေးရှင်း ၅၉ ခုကိုလဲတရားဝင်ပိတ်ပင်ထားသည်။ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး Mike Pompeo က‌နိုင်ငံ၏ဒေတာလုံခြုံရေးအတွက်တရုတ်မီဒီယာအက်ပလီကေးရှင်းများ၊အထူးသဖြင့် Tiktok အားစောင့်ကြည့်နေသည်ဟုဆိုသည်။ TikTok သည်သုံးစွဲသူများ၏အချက်အလက်များကို“ တရုတ်ကွန်မြူနစ်ပါတီ”ထံသို့လွှဲပြောင်းပေးသည်ဟုအမေရိကန်ကစွတ်စွဲပြောကြားသည်။တရုတ်ကွန်မြူနစ်ပါတီကမူ ထို့သတင်းကိုငြင်းဆိုသည်။

မကြာမီက TikTokCEO Kevin Mayer ကသတင်းတစ်ခုထုတ်ဝေခဲ့သည်။ TikTok အက်ပလီကေးရှင်း၏ ကိုယ်ရေးကိုယ်တာရယူသုံးစွဲမှုပွင့်လင်းမြင်သာစေရန် Center တစ်ခုဖွင့်လှစ်ပြီး‌ဒေတာများကိုထိန်းချုပ်ကာနိုင်ငံတကာဉပဒေများအတိုင်းလိုက်နာသွားမည်ဟုဆိုသည်။


byadminTrainOfKnowledge

bottom of page