top of page

ဂျပန်မှာ Rakuten Credit ကဒ်ဘယ်လိုလျှောက်မလဲ?

ပထမဆုံးပြောချင်တာတော့ အခုခေတ်မှာ Credit မရှိရင်အဆင်မပြေလှတယ်မဟုတ်လား? အခုလိုနည်းပညာခေတ်မှာ အင်တာနတ်ပေါ်ကနေ ငွေပေးချေးမှုတွေများလာပါတယ် အဲ့လိုများလာတာနဲ့အမျှ လူတွေရဲ့ credit ကဒ် လိုအပ်ချက်မြင့်မားလာပါတယ်

အခု ဘလော့ဒ်ကတော့ ဂျပန်မှာ ကိုင်ဆိုင်သူအများဆုံး credit ကဒ်လို့ပြောလိုရတဲ့ Rakuten Credit ကဒ်လုပ်နည်းကိုမျှဝေချင်ပါတယ် ပထမဦးစွာ rakuten.ne.jp မှာ Rakuten အကောင့်အရင်ဖွင့်ရပါမယ် အကောင့်ရပီဆိုတာနဲ့ rakuten-card.co.jp ကနေကဒ်ကို 申し込み လျှောက်ရပါမယ် သူတို့ဖြည့်ခိုင်းတဲ့ နာမည်၊လိပ်စာ၊မွေးသက္ကရ် တွေကိုဖြည့်ပေးရပါမယ် နိုင်ငံခြားသားဆိုဂျပန်မှာလုပ်ရှိဘာအလုပ်ကိုလုပ်ကိုင်ပီးနေနေလဲဆိုတဲ့ အလုပ်သမားလား ကျောင်းသားလား အလုပ်သမားဆိုတစ်နှစ်ဝင်ငွေဘယ်လောက်ရှိလဲဖြည့်ရပါတယ် အဲ့အချက်အလက်ကိုကြည့်ပီး Rakuten ကုမ္ပဏီကခွင့်ပြုမပြုဆုံးဖြတ်ပါတယ် အဲ့ဖြည့်တဲ့အခါမှာ リボ払いဆိုတဲ့ ငွေခွဲသွင်းတဲ့စနစ်ကိုမရွေးမိဖို့ကအရေးကြီးပါတယ်(ကဒ်ရပီးရင်ပြန်ပြောင်းလို့ရ) ဘာလို့ဆိုတာအကြွေးနွံနှစ်နိုင်လို့ပါ တတ်နိုင်ရင်တစ်ကြိမ်ထဲပြန်ဆပ်တာကို ရွေးချယ်တာပိုကောင်းပါတယ် နောက်တစ်ခုက Rakuten ကဒ်ကငွေပေးချေးမှုတင်မဟုတ်ဘဲ キャッシングလိုခေါ်တဲ့ငွေသားပါထုတ်ချေးလို့ရပါတယ် ငွေသားပမာဏကတော့ အများဆုံး သောင်း ၅၀ ထိရပါတယ် အားလုံးဖြည့်ပီးတာနဲ့ တစ်ရက်နှစ်ရက်အတွင်း mail ကနေအကြောင်းပြန်ပါတယ်ခွင့်ပြုမပြုကို အကယ်၍ခွင့်ပြုခဲ့လျှင် တစ်ပတ်အတွင်း ကဒ်ပို့ပေးပါတယ် ကဒ်ရပီဆိုတာတဲ့ Rakuten 5000 ပွိင့်ရပါမယ်ခွဲရမှာပါ အရင်ဆုံး ၂၀၀၀ ပွိင့်ရပီးနောက်တစ်လနေရင် ၃၀၀၀ ပွိင့်ရပါမယ် နောက်အခုခေတ်စားနေတဲ့ Rakuten pay နဲ့လဲချိတ်ပီးအသုံးပြလို့ရပါတယ် အားလုံးကံကောင်းကြပါစေ။


byadminTrainOfKnowledge




bottom of page