top of page

COVID-19 ကပ်ရောဂါကာလအတွင်းဂျပန်စက်ရုပ် industries ဘာလဲဘယ်လဲ?



COVID-19 ကပ်ရောဂါကာလအတွင်းလူချင်းထိတွေ့မှုကိုရှောင်ရှားရန်လိုအပ်သောကြောင့်ဂျပန်နိုင်ငံ၏စက်ရုပ်စျေးကွက်သည်ကြီးထွားလာသည်။


စက်ရုပ်များကိုကပ်ရောဂါမတိုင်မီကဝယ်လိုအားထက်ထုတ်လုပ်မှုကပိုများခဲ့သော်လည်းအခုအခါထောက်ပံ့ပို့ဆောင်ရေးနှင့်ဆေးဘက်၀န်ဆောင်မှုလုပ်ငန်းများကဲ့သို့ ၀န်ဆောင်မှုများတွင်အသုံးပြုရန်စက်ရုပ်ဝယ်လိုအားတိုးလာခဲ့သည်။


စက်ရုပ်၀ယ်လိုအားမြင့်တက်လာမှုကြောင့်အဝေးထိန်းစနစ်၀န်ဆောင်မှုများ၊ပုံတုပြုပြင်ခြင်းနှင့်ဥာဏ်ရည်တုကဲ့သို့အဆင့်မြင့်နည်းပညာများတွင်ထုတ်လုပ်သူများသည်မိမိတို့၏ရင်းနှီးမြှုပ်နှံမှုကိုမြှင့်တင်ခဲ့သည်။


စက်ရုပ်စျေးကွက်သည် ၂၀၁၀ တွင်ယန်း ၁ ထရီလီယံဝန်းကျင်မှ ၂၀၃၅ တွင်ယန်း ၁၀ ထရီလီယံအထိမြင့်တက်လာမည်ဟုစက်မှု၀န်ကြီးဌာန၏ခန့်မှန်းချက်အရသိရသည်။


အထူးသဖြင့်၀န်ဆောင်မှုကဏ္ မှ၀ယ်လိုအားသည်ရိုးရိုးစက်ပစ္စည်းများထက် ၁၃ ဆမြင့်တက်လာဖွယ်ရှိသည်။


ပြီးခဲ့တဲ့မေလအတွင်း Kawasaki Heavy Industries Ltd. နှင့် Sony Group Corp. တို့သည်အဝေးကနေထိန်းချုပ်နိုင်သောစက်ရုပ်နည်းပညာကိုတီထွင်ရန်ပူးတွဲကုမ္ပဏီတစ်ခုတည်ထောင်မည်ဟုပြောကြားခဲ့သည်။ထိုပူးတွဲနည်းပညာတွင် Kawasaki Heavy ၏စက်ရုပ်ကိုယ်ထည်နည်းပညာနှင့် Sony ၏အာရုံခံစနစ်များကိုအသုံးပြုပြီးပုံရိပ်ဖော်နည်းပညာတို့ကိုတီထွင်မှုပြုလုပ်မည်ဖြစ်သည်။


ထိုကုမ္ပဏီသစ်သည်ထုတ်လုပ်သူများအတွက်၀န်ဆောင်မှုများကိုလာမည့်နှစ်တွင်စတင်မည်ဖြစ်ပြီးအနာဂတ်၌ထောက်ပံ့ပို့ဆောင်ရေးနှင့်ဆေးဘက်ဆိုင်ရာ၀န်ဆောင်မှုများတွင်ဖောက်သည်များတိုးပွားလာမည်ဟုယုံကြည်နေသည်။


Tokyo Electron Device Ltd. သည်လူသားများပြုလုပ်ရန်ခက်ခဲ့သောထုတ်ပိုးမှုစနစ်နှင့်ရှုပ်ထွေးသောအလုပ်များကိုလုပ်ဆောင်ရန်ပုံရိပ်ဖော်နည်းပညာကိုအသုံးပြုသည့်စနစ်တစ်ခုကိုတီထွင်ခဲ့သည်။


ကုမ္ပဏီသည်မကြာသေးမီကယိုကိုဟားမားရှိ၎င်း၏ရုံးခန်းတွင်အာကာသနည်းပညာဆိုင်ရာအမြင်အာရုံရှိစက်ရုပ်စနစ်သစ်တစ်ခုကိုသရုပ်ပြသခဲ့သည်။


Hitachi Ltd. သည်ဥာဏ်ရည်တုစက်ရုပ်လုပ်ငန်းတစ်ခုဖြစ်သော Kyoto Robotics ကိုဧပြီလတွင်၀ယ်ယူခဲ့သည်။ ၎င်းသည် startup ၏ဉာဏ်ရည်တုနှင့် 3D အသိအမှတ်ပြုနည်းပညာများကိုကုန်လှောင်ရုံလုပ်ငန်းများတွင်အလိုအလျောက်အသုံးချနိုင်ရန်ဖြစ်သည်။


Hitachi အရာရှိတစ်ဦးက "အနာဂတ်ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများတွင်စက်ရုပ်များပိုမိုလိုအပ်လာမည်ဟုဆိုသည်"။


#sourcesthejapantimes


byAdminTrainOfKnowledge


bottom of page