အခုတလောဂျပန်ကနေမြန်မာနိုင်ငံကို SBI Remit ရဲ့ #MoneyGram စနစ်ဖြင့်ပိုက်ဆံဘယ်လိုပို့မလဲ
ပထမဦးစွာငွေမပို့ခင်
※※Money Exchange Link → bit.ly/SBIR-MG ကနေငွေပေါက်စျေးကိုစစ်ဆေးပေးပါ ငွေလွှဲပြီးMailပို့ပေးတဲ့အချိန်အတောအတွင်းငွေစျေးအတက်အကျဖြစ်နိုင်တဲ့အတွက်ကြောင့် Mailထဲကိုရောက်ရှိလာသည့်ငွေစျေးကသာရရှိမဲ့ပေါက်စျေးအမှန်ဖြစ်ကြောင်းကြိုတင်အသိပေးပါရစေ။
MoneyGramစနစ်ငွေလွှဲနည်း (Referenceနံပါတ် 8လုံးပြောပြပြီး ATMမှာတန်းစီစရာမလိုပဲ ငွေသားထုတ်ယူနည်း)
ဘဏ်မှာအကောင့်ဖွင့်ခိုင်းပြီး အကောင့်ထဲကို ငွေထည့်လိုက်တဲ့ပုံစံမျိုးမဟုတ်ပါဘူး။ အကယ်၍ မြန်မာကလူက ငွေမထုတ်ရင် ဂျပန်ကငွေလွှဲသူက လွှဲထားတဲ့ငွေကို ပြန်Cancel လုပ်လို့ရပါတယ်။
※ငွေလွှဲပြီး၁၅မိနစ်〜၃၀မိနစ်အတွင်း SBI Remitကနေ မေးလ်နဲ့ဖုန်းထဲကိုပို့ပေးတဲ့ Referenceနံပါတ် 8လုံးကို မြန်မာပြည်ကငွေထုတ်မဲ့လူကို ပြောပြရပါမယ်။ ငွေထုတ်မဲ့လူက ကိုယ့်ရဲ့မှတ်ပုံတင်နဲ့အတူ Tun Commercial Bankရုံးချုပ်, Ayeyarwaddy Farmers Development Bank(A Bank)ဘဏ်ခွဲတို့မှာ Referenceနံပါတ် 8လုံးကိုပြောပြပြီး တန်းစီစရာမလိုပဲ လက်ငင်းငွေသားကိုသွားထုတ်ရမှာပါ။(ဖောင်ဖြည့်ဖို့တော့လိုပါတယ်) ※Ayeyarwaddy Farmers Development Bank(A Bank)ဘဏ်ခွဲများကိုကြည့်ရန် https://www.abank.com.
※MoneyGramစနစ်ဟာ ဘဏ်ခွဲပေါ်မူတည်ပြီး တနေ့ကိုငွေထုတ်ယူနိုင်သည့်ပမာဏနဲ့လူဦးရေ အကန့်အသတ်တွေရှိပါတယ်။ ဒါကြောင်မို့ငွေမလွှဲခင် ငွေထုတ်မဲ့သူကို ဘဏ်ခွဲတွေစီ အရင်ဖုန်းဆက်ခိုင်းပြီး MoneyGramစနစ်ဖြင့် ငွေထုတ်ဖို့အဆင်ပြေမပြေ၊ငွေထုတ်ယူနိုင်မဲ့ပမာဏစတာတွေကို အရင်ကြိုတင်မေးမြန်းစစ်ဆေးပြီးမှ ငွေလွှဲပေးကြဖို့အထူးပဲမေတ္တာရပ်ခံအပ်ပါတယ်။
Bank Directငွေလွှဲစနစ်ကတော့ ယာယီပိတ်ထားဆဲပဲဖြစ်ပါတယ်။(CB ,KBZ ,AYAစတဲ့ဘဏ်အကောင့်များထဲသို့ ငွေတိုက်ရိုက်ထည့်ပေးသည့်စနစ်)
လက်ရှိMoneyGramစနစ်နဲ့မချိတ်ထားတဲ့ Customersများအနေဖြင့် Facebook Page Messenger,Viberနံပါတ်များ( +81 8040852275,+81 8040970792 +95 9955808729)မှ အရင်ဆက်သွယ်ပြီးBank Directနဲ့ချိတ်ထားတဲ့ကတ်တွေကိုMoneyGram စနစ်နဲ့အရင်ပြောင်းပေးဖို့လိုအပ်ပါတယ်။
A Bank ရန်ကုန်ရုံးချုပ်
အမှတ် ၁၀၈၊ ကမ္ဘာအေးဘုရားလမ်းနှင့်နတ်မောက်လမ်းထောင့်၊ဗိုလ်ချို(၁)ရပ်ကွက်၊ဗဟန်းမြို့နယ်၊ ရန်ကုန်။
ဖုန်း (+၉၅-၁) ၉၅၅၉၁၉၉၊ ၉၅၅၉၃၉၉၊ ၈၄၃၀၉၆၃၊ ၈၄၃၀၉၆၄၊ ၈၄၃၀၉၆၅၊ ၈၄၃၀၉၆၆
A Bank မန္တလေးဘဏ်ခွဲ
အမှတ် ၂၄၁၊ ၂၆ လမ်း၊ ၈၂*၈၃ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး။
ဖုန်း (+၉၅-၂) ၄၀၂၁၂၄၀၊ ၄၀၂၁၂၄၁
Tun Commercial Bank (Head Office)
အမှတ် ၂၃၀၊ မဟာဗန္ဓုလလမ်းမကြီး၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။
ဖုန်း ၀၁-၉၀၀၀၈၈၆၊ ၀၁-၉၀၀၀၈၈၇~၈
အကြောင်းတစ်စုံတစ်ခုများရှိပါက https://www.facebook.com/sbir.myanmar/ သို့တိုက်ရိုက်မေးမြန်နိုင်သည်။
#source SBI Remit Myanmar Facebook Page